Author: ဆောင်းနှင်းရွက်
•9/21/2009 03:41:00 AM
မြန်မာလို တိုက်ရိုက် အသံထွက်ရင်တော့ ပူလာအူဘင် (သို့) ပိုလာအူဘင် ... ဘယ်လို အသံထွက်လဲ သေချာ တော့ မသိပါ ။
ပူလာအူဘင် သွားကြမည် ဆိုသော အစီအစဉ်ကို မည်သူ အစဖော်သည် မသိ .. (နောက်မှ သိတာ မရောင်ပါတဲ့) ~ ဒါပေမယ့် ဘယ်သူပဲ အစဖော်ပါစေ ~ အရမ်းကို ထိုနေရာသို့ သွားချင်နေသည် တော်တော်ကို ကြာနေပါပြီ ~ အရင် တစ်ခါလည်း သွားချင်လွန်းလို့ စီစဉ်ရင်းနဲ့ ဆန်ရှည်စာ သို့ ရောက်သွားသည် ။
မသွားခင် ၃ ရက်လောက်ကမှ မေးလ် ရ၍ မေးကြည့်လိုက်တော့ သေချာပေါက်သွားဖြစ်ပါမည် တဲ့ ..။


အားလုံး otrum park mrt ( 9:30 am - 10:00 am ) စုံကြပါမည် လို့ ပြောတာပါပဲ ..။


ဒီလိုနဲ့ ...
ယနေ့ သို့ ရောက်ရှိလာပါတော့သည် ။
မနက် ၈ နာရီခွဲ အိပ်ယာထ ~~ ရေချိုး ~~ သွားဖို့ပြင်ဆင် ~~ အိမ်ကထွက် ၉ နာရီ ၁၅ မိနစ် ~~ တစ်ကယ်ဆို ချိန်းထားတဲ့နေရာကို ၁၀ နာရီ တိတိ မှာ ရောက်နိုင်ပါတယ် ..။
ဒါပေမယ့် ဘယ်လို ~~ ဘယ်လို ~~ ဖြစ်ပြီး MRT က Dover & Clemeti မှာ delay တွေ ဖြစ်ကုန်တယ် မသိ .။ မဆိုစလောက် မသိမသာလေး ပဲ နည်းနည်း ပါးပါး နောက်ကျသွားပါတယ် ။
အားလုံး otrum park နေ TAXI နဲ့ သွားကြပြီး boat ferry ဆီသို့ ရောက်ချိန်မှာ တော့ ၁၁ နာရီ ခွဲ နေပါပြီ ။
စုစုပေါင်း သွားကြတာကတော့ ၁၂ ယောက်တိတိပါ ။
ဒါပေမယ့် အစဖော်လိုက်တဲ့ မရောင်တော့ မပါလာပါ ။

ရောက်ရောက်ချင်း အ၀င် တွင် အမှတ်တရ ..




ဟိုဘက် ရောက်တော့ အရင်ဆုံး အစာ အဟာရ ဖြည့် ကြ ပါတယ် ။






ခွန်အားတွေ ဖြည့်တင်းပြီးတဲ့ အချိန်မှာတော့ ဒီလို စက်ဘီး လေးများနဲ့ ချီတတ်ကြပါတယ် ~~




ပထမဆုံး ရောက်ရှိသွားတဲ့ နေရာကတော့ Ubin Quarry ဆိုတဲ့ နေရာလေးပါ ။




တောထဲမှာ ပတ်ချာ လည်အောင် မမောနိုင် မပန်းနိုင် စက်ဘီး စီးကြစဉ် ~~







စားသောက်စရာ များနှင့် အမောဖြေကြစဉ် ~~




ညနေ ၆ နာရီ အပြန် မြင်ကွင်း လေး ~~





ပျော်ရွှင်စရာ ကောင်းတဲ့ နေ့လေး တစ်ရက် ပါပဲ ။


(အပြန်ချိန်မှာတော့ TAXI ကို NET နဲ့ ပေးလို့ မရတဲ့ TAXI တွေလည်း ရှိတယ် ဆိုတာ သိလိုက်ရပါတယ် )





PS ... !...* *...!
၁ ။ တောင်ပေါ်သား
၂ ။ တလနွန်
၃ ။ ငချမ်းကောင်
၎ ။ ရေတမာ
၅ ။ သံလွင် hero
၆ ။ မျိုးထက်ဇော် (နာမည် မှန်လား မသိဘူး)
၇ ။
မြရေရင်
၈ ။
မိုးခါး
၉ ။ သဲသဲ
၁၀ ။ မေသူ
၁၁ ။
ဝိုင်း
၁၂ ။ ၀ိုင်း ရဲ့ သူငယ်ချင်း
Author: ဆောင်းနှင်းရွက်
•9/18/2009 03:24:00 PM

နားထဲကို ၀င်လာတဲ့ Wonderful Alarm သံစဉ်လေး ~~

မြည်နေတဲ့ ဖုန်း Alarm က မနက် (7:10) ဆိုပေမယ့် ချက်ချင်း မထနိုင်သေး ၊ နဲနဲ အိပ်ယာထဲမှာ နပ်ချင်သေးတယ် ~~ ထရတော့မယ် ဆိုတဲ့ အသိတရားလေး တော့ ခေါင်းထဲ နည်းနည်း ၀င်နေပြီ ~~

ခဏနေတော့ second times Alarm သံစဉ် က မြည်နေပြီ ~~

အိပ်ချင်မူးတူး နဲ့ ခေါင်းအုံးဘေးနားလေးမှာ ရှိနေတဲ့ ဖုန်း Alarm လေးကိုပိတ်ဖို့ မျက်လုံး ပိတ်လျှက် လက်နဲ့ လိုက်စမ်းနေရင်း ပိတ်လိုက်ပါတယ် .. ( ရ နာရီ နဲ့ ၁၅ မိနစ် တိတိ )

အိပ်ယာကနေ မဆင်းနိုင်သေး ၊ ငုတ်တုတ် ထိုင်လျှက် ငိုက်နေတာက ၅ မိနစ် ၊

ခဏနေတော့ မျက်လုံးကို ကြိုးစားဖွင့်ရင်း ၊ ရေချိုး ၊ ကျောင်းသွားဖို့ ပြင်ဆင် နဲ့ အားလုံး ပြင်ဆင် ပြီးလို့ နာရီကို ကြည့်လိုက်တော့ ၈ နာရီ ~~

အိမ် တံခါးလေး သော့ပိတ်လို့ အိမ်ရဲ့ အရှေ့ ကို ၅ မိနစ် လောက် လမ်းလျှောက်လိုက်ပါတယ် ~~

၈ နာရီ ၁၀ မိနစ်လောက်ဆို အချိန်မှန်မှန် စီးနေကျ ကိုယ်ပိုင် bus car ကြီး က စောင့်နေကျ မှတ်တိုင်လေး ရဲ့ ရှေ့ကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာမှာ ဆိုတော့ အားလုံးကို အချိန်မီ အိပ်ချင်မူးတူးနဲ့ ပြင်ဆင် လိုက်ရတာ မောလို့ လမ်းလျှောက်ရင်း အမောဖြေ ပေါ့ ..။

၁၀ မိနစ်လောက် bus-car ကြီး စီးပြီး ရော MRT ကို ရောက်ရှိသွားပါတယ် ။ စက်လှေခါးလေးနဲ့ အပေါ်ကို အပြေးအလွှားလေး တတ်လို့ MRT က Light box ကို ကြည့်လိုက်တော့


... Marina Bay 1 min ၊ Next train 6 min …


အဲ့အချိန်မှာ သိလိုက်တာက ခြေတစ်လှမ်း ၊ ကုဋေ တစ်သန်း တန်တဲ့ ခြေလှမ်းမျိုးနဲ့ လျှောက်လှမ်းနေလို့ မဖြစ် ၊ နောက်ကျနေပါတယ် ဆိုမှနော် .. စောင့်ချင်ပါဘူး နောက်ထပ် ၆ မိနစ် … အဲ့တော့ မနက် စောစောစီးစီး မာရသွန် လုပ်လိုက်တာပေါ့ ။

ပြေးရင်း လွှားရင်း နဲ့ ဘယ်လို များ MRT ပေါ် ရောက်သွားပါလိမ့် ..

MRT တံခါး ပိတ်တော့မယ် ( ကျွီကျွီ .. ကျွီကျွီ .. ကျွီကျွီ .. Doors r closing now )

ဖြစ်တော့မယ် ဆိုတာ ကြိုပြီး မြင်လိုက်ပါတယ် ~~

ပိန်ပိန် သေးသေး သွယ်သွယ် မမ လှလှ တစ်ယောက် အပြေးအလွှားလေး ၀င်လာနေပါတယ် ~~

ဒိန်းးးးးးးးးးး

သွားပြီ . . .

လူတွေ အားလုံး လည်း မျက်လုံးလေး တွေ ၀ိုင်းစက်လို့ . . .

အားလုံးရဲ့ မျက်လုံးတွေက သူမရဲ့ ခြေထောက်လေးကို သာ အံ့သြစွာနဲ့ ပြူးပြီး ကြည့်နေကြတာ ထွက်ကြတော့မယ် ..

ဒေါက်ဖိနပ် အဖြူရောင် မြင့်မြင့်လေး platform နဲ့ MRT တံခါး ကြားထဲ ကျွံဝင်လို့ သွားတာကို မျက်တောင် တောင် မခက်နိုင် ဟာ … ဟင် … နဲ့ … ကြည့်နေကြလျှက် . . .

ကံကောင်းတာက မမ လှလှ ဆွဲလာတဲ့ အထုပ်ပါ တံခါးနဲ့ ညှက်နေခြင်း ..

လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ် ကတော့ MRT ထဲ ရောက်နေပါပြီ ..

တံခါးက ချက်ချင်း ပြန်မဖွင့်နိုင်သေး .. တအောင့်လောက်လေးမှ ပြန်ဖွင့်တော့ မမ လှလှ လည်း ရှက်သွေးဖြန်းနေတဲ့ နီနီရဲရဲ မျက်နှာလေးနဲ့ ခြေထောက်နဲ့ လက်ဆွဲအိတ်လေး ဆွဲသွင်းလို့ MRT ထဲ ၀င်လာပါတယ် ..

မမ လှလှ ဆွဲလာတဲ့ အထုပ်လေး ကယ်ပေးလို့ သူမ ဘာမှ မဖြစ်သွားတယ် ..

နို့မို့သာဆို ငဖောင်ရိုးခြောက် ခြေသလုံးလေး သေချာ ပေါက် ကျိုးလောက်ပါတယ် ..

အင်းးး

သက်ပြင်းလေး တစ်ချက်လောက် တော့ ချလိုက်မိတယ် ထင်ပါတယ် ~~




PS ... !...* ပဲလေးနဲ့ ဖိနပ် မြင့်မြင့် လေးများ စီးတတ်သော မမ များအတွက် စေတနာ ဖြင့် ရေးသားသည် *...!