အေးချမ်းတဲ့ လေနုတွေသာ
တိုက်ခတ် နေပေမယ့်
ဥပေက္ခာပြုစွာ ကျောခိုင်းပြီး
နေထိုင်ခဲ့တာ
ကုသလို့ မရတဲ့ ရောဂါတွေရဲ့
နှောင့်ယှက်မှုကို မခံချင်လို့ပါ . . . ။
ကမ္ဘာ လောကထဲကို
ဝင်ရောက်လာတဲ့
လူသားတစ်ယောက် အတွက်
သင်ယူရမယ့်
ဘ၀ရဲ့ သင်ခန်းစာတွေထဲမှာ
ဦးနှောက် ဖောက်စားခံရတာလည်း
အရသာ သိရုံလောက်ပါတယ် . . . ။
လေညင်းဆိုတာ
ရေတွက် မရတဲ့ ကိန်းဂဏန်းတွေနဲ့
တည်ဆောက်ထားတဲ့
မခိုင်ခံသော ဒြပ်စင်တစ်ခု
အရိုးပြိုင်းပြိုင်း ကျနေတဲ့
သစ်ပင်အိုရဲ့ အောက်မှာ
ဆေးဆိုးရာဗလာ ရင်ခွင်တစ်စုံကို
ထွေးပိုက်ငေးမောရင်း
ပွတ်တိုက်သွားတဲ့
လေညင်းရဲ့ ထိတွေ့မှုကို
ခံစားလိုက်ရတယ် . . . ။ ။
Dec 2004
PS ... !...* ပထမဆုံး ရေးကြည့်ခဲ့တဲ့ ကဗျာ *...!
3 comments:
ရေလည်မိုက်တယ်ဟေ့.. ခံစားချက်တွေ..း)
ကဗျာလေးကိုကြိုက်တယ်...မိုက်တယ်..
ဥပေက္ခာပြုစွာ ကျောခိုင်းပြီးနေထိုင်ခဲ့တာ
ကုသမရတဲ့ရောဂါ တွေရဲ့ နှောင့်ယှက်မှုကို
မခဲချင်လို့ပါ
စကားလုံးသုံးထားတာလေးတွေအရမ်းကို
ချစ်ဖို့ကောင်းတယ် ဆောင်နှင်းလေးရေ
ကဗျာက နှစ်ပုဒ်ပဲတွေ့တယ် တွေ့တာလေးတော့
ဖတ်ခဲ့ပြီကွယ်
ချစ်တဲ့ မဂျီးဂျက်